ခရမ်းမြို့နယ်၌ အခြေခံဖူဆယ်ဒိုင်လူကြီးသင်တန်း ဖွင့်ပွဲကျင်းပ

ခရမ်း    စက်တင်ဘာ   ၉

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၌ မြို့နယ်ဘောလုံးအဖွဲ့ချုပ်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံဖူဆယ်ဒိုင်လူကြီးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက  မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေကအမှာစကားပြောကြားပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ထက်လင်းက နှုတ်ခွန်းဆက်စကားပြောကြားသည်။  ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

အဆိုပါ အခြေခံဖူဆယ်ဒိုင်လူကြီးသင်တန်းကို စက်တင်ဘာ ၉ ရက်မှ ၁၄ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား ၂၀ တက်ရောက်သင်ကြားကြကြောင်း သိရသည်။

ခရမ်း(ပြန်/ဆက်)