မော်လမြိုင်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အဆင့်မြင့်ပညာအဆင့်ပြိုင်ပွဲ ကျင်းပ

မော်လမြိုင် စက်တင်ဘာ ၉

 

မွန်ပြည်နယ် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အဆင့်မြင့်ပညာအဆင့်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပသည်။

 

အဆိုပါပြိုင်ပွဲကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

 

ဆက်လက်၍ အကပြိုင်ပွဲဝင်များ၏ ကပြယှဉ်ပြိုင်မှုနှင့် စန္ဒရားပြိုင်ပွဲဝင်တစ်ဦး၏ တီးခတ်ဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

 

အဆင့်မြင့်ပညာအဆင့်ပြိုင်ပွဲတွင် အဆိုပြိုင်ပွဲဝင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၂၀၊ အကပြိုင်ပွဲဝင် အမျိုးသား ငါးဦး၊ အမျိုးသမီး ငါးဦး၊ အရေးပြိုင်ပွဲဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ စန္ဒရား အတီးပြိုင်ပွဲဝင် အမျိုးသား တစ်ဦး စုစုပေါင်းပြိုင်ပွဲဝင် ၄၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)