ဝေါမြို့နယ်၌ တစ်သက်စာ ကျောင်းပြင်ပအလယ်တန်းပညာရေး ဖွင့်ပွဲကျင်းပ

ဝေါ စက်တင်ဘာ ၉

 

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တစ်သက်စာ ကျောင်းပြင်ပအလယ်တန်းပညာရေးအခြေစိုက်စခန်းဖွင့်ပွဲကို စက်တင်ဘာ ၈ ရက် ညနေပိုင်းက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကန်တော်၌ ကျင်းပသည်။

 

ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်တို့က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်လှကြူမာက တစ်သက်စာ ကျောင်းပြင်ပအလယ်တန်းပညာရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားကာ ကျောင်းပြင်ပ ပညာရေးတက်ရောက်နေကြသည့် ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ဘောပင်တို့ကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။   

အာကာ(ပြန်/ဆက်)