ယာဉ်သုံးစွဲမှုကုန်ကျစရိတ်များ ပေးအပ်

ဟင်္သာတ စက်တင်ဘာ ၉

 

ဧရာဝတီတိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန တိုင်းဒေသကြီးပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်း ယာဉ်များစနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှုကော်မတီနှင့် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့၏ လမ်းညွှန်မှုဖြင့် လေးမျက်နှာမြို့နယ် ရေဘေးကူညီကယ်ဆယ်ရေးတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်များ၏ ကုန်ကျစရိတ်များကို ဟင်္သာတမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ် လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီ (ခရီးသည်) ဥက္ကဋ္ဌ ဦးမြင့်လွင်နှင့် တာဝန်ရှိသူများက ယနေနံနက်ပိုင်းတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။  

ခရိုင်(ပြန်/ဆက်)