လက်ပံတန်း စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ဂွေတောက်ကွင်းကျေးရွာအုပ်စုရှိ တောင်သူ ဦးကျော်ကျော် ၏ လယ်မြေခုနစ်ဧက၌ ဆာဖိုးသာ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့တွင် ပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် စိုက်ပျိုးရေးလုပ်ငန်းများ ညှိနှိုင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက်ကြပြီး မိုးစပါးစံကွက် ရိတ်သိမ်းရာ တစ်ဧကလျှင် စပါးအစို တင်း ၁၂၀ ထွက်ရှိခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


