မော်စကို စက်တင်ဘာ ၈
ရုရှားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား ပထမဆုံးနယ်စပ်ဖြတ်ကျော် မြစ်ကူးတံတားကို စက်တင်ဘာ ၇ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မော်တော်ယာဉ်များဖြတ်သန်းနိုင်မည့် အဆိုပါတံတားသည် တူမန်ဂန်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားခြင်းဖြစ်သည်။ မိမိတို့နှစ်နိုင်ငံအနေဖြင့် ထောက်ပံ့ပို့ဆောင်ရေး စွမ်းရည်များမြှင့်တင်ရန်နှင့် အရှေ့ဖျားဒေသတွင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် ထုတ်လုပ်မှုစွမ်းရည်ခိုင်မာစေရန် အခွင့်အလမ်းအသစ်များကို ဖန်တီးနေကြောင်း ရုရှားဝန်ကြီးချုပ် မီခေးလ် မီရှူစတင်က ပြောကြားသည်။
ယခုတံတားပြီးစီးမှုသည် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် တောက်ပသောအလားအလာကို ယူဆောင်လာမည့် အရေးပါသောဖြစ်ရပ်တစ်ခုဖြစ်ကြောင်းနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အတွက် အရှိန်အဟုန်သစ်များ ပေးစွမ်းနိုင်ကြောင်း မြောက်ကိုရီးယားဝန်ကြီးချုပ် ပတ်သဲဆောင်က ပြောကြားသည်။
အဆိုပါတံတားဖွင့်ပွဲအတွင်း ထရပ်ကားများသည် တံတားပေါ်တွင် နှစ်နိုင်ငံအလံများလွှင့်ထူ၍ သွားလာခဲ့ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ၊
ဘာသာပြန် - စိုးသူရ


