မော်လမြိုင် စက်တင်ဘာ ၇
သံဖြူဇရပ်မြို့နယ် (ခုတင် - ၅၀) ဆံ့ ပြည်သူ့ဆေးရုံ၌ ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံ၏ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေနှင့် အောက်ဆီဂျင်စက်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံလာရောက်ကုသသူများကို ကျန်းမာရေးစောင့်ရှောက်မှု ထိရောက်စွာရရှိရေးနှင့် လိုအပ်သည့် ဆေးဝါး၊ ပစ္စည်းကိရိယာများ ပြည့်စုံမှုရှိစေရေးတို့အတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)


