ဟော်မုဇ်ရေလက်ကြားတွင် တောင်ကိုရီးယားနိုင်ငံက စစ်ရေးအရ ပါဝင်ဆောင်ရွက်ခြင်းမပြုရန် အီရန်သတိပေး

တီဟီရန်   စက်တင်ဘာ   ၇

ဟော်မုဇ်ရေလက်ကြားတွင် တောင်ကိုရီးယားနိုင်ငံက စစ်ရေးအရ ပါဝင်ဆောင်ရွက်ခြင်းမပြုရန် အီရန်အနေဖြင့် သတိပေးလိုကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဗဂါဒီက စက်တင်ဘာ ၇ ရက်တွင် ပြောကြားသည်။

ဟော်မုဇ်ရေလက်ကြားတွင် ရေကြောင်းခရီးဖြင့် လွတ်လပ်စွာသွားလာနိုင်ရေးအတွက် စစ်ရေးနည်းလမ်းဖြင့် ပါဝင်ဆောင်ရွက်မည့်နည်းလမ်းကို ပြန်လှန်သုံးသပ်နေကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့ပြီး ၎င်းကအထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခြင်းဖြစ်သည်။  အီရန်နှင့် တောင်ကိုရီးယားအကြား ၆၄ နှစ်ကျော်ကြာ ရှည်လျားသည့် သမိုင်းဝင်ဆက်ဆံရေးရှိပြီး အပြန်အလှန်လေးစားမှုအပေါ် အခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေးသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။ အီရန်နိုင်ငံသားများသည် လက်ရှိအချိန်တွင် အမေရိကန်၏ တိုက်ခိုက်မှုများမှ ကာကွယ်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အမေရိကန်က အဆိုပါစစ်ပွဲအား  ဆင်နွှဲခဲ့ခြင်းကြောင့် ရေနံတင်သင်္ဘောများ ရပ်တန့်သွားကာ ကုန်သွယ်မှုအနှောင့်အယှက်ဖြစ်ခြင်းနှင့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်ခြင်းတို့ဖြစ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ