အိမ်မဲမြို့နယ်၌ အရန်သားဖွားဆရာမအသစ် ခြောက်လသင်တန်းဖွင့်

အိမ်မဲ စက်တင်ဘာ ၇

 

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် အရန်သားဖွား ဆရာမအသစ် ခြောက်လသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးက အမှာစကားပြောကြားသည်။ ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဆုဝေထွန်းက အရန်သားဖွားဆရာမအသစ် ခြောက်လသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ဆွေးနွေးပြောကြားသည်။

 

ယခုသင်တန်းမှတစ်ဆင့် သင်တန်းသားများအနေဖြင့် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှု၊ ကိုယ်ဝန်ဆောင်မိခင်များအား စောင့်ရှောက်မှုပေးခြင်းနှင့် မီးဖွားခြင်းဆိုင်ရာ အခြေခံကျန်းမာရေး အသိပညာနှင့် ကျွမ်းကျင်မှုများရရှိစေရန်ရည်ရွယ်ကြောင်း သိရသည်။

အိမ်မဲ(ပြန်/ဆက်)