ယူအက်စ်အိုးပင်း ၁၆ ဦးအဆင့် ကမ္ဘာ့အဆင့် (၂) ဇဗဲရက်ဗ် တက်ရောက်

ကမ္ဘာ့အဆင့် (၂) ဂျာမနီတင်းနစ်  အကျော် အမော်  အလက်ဇန်းဒါး  ဇဗဲရက်ဗ်သည် ယူအက်စ်အိုးပင်း တင်းနစ် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ တတိယအဆင့်တွင် တာဘီလိုကို ၆-၂၊ ၇-၆(၇-၂)၊ ၆-၂ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၁၆ ဦးအဆင့် တက်လှမ်းနိုင်ခဲ့သည်။   ဇဗဲရက်ဗ်သည်   ဇွန်လက ကျင်းပခဲ့သည့် ပြင်သစ် အိုးပင်းပြိုင်ပွဲ  နောက်ဆုံးဗိုလ်လုပွဲတွင် ဖလာဗီယို ကိုဘော့လီကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ဖလား ဆွတ်ခူးထားသည်။ ဇဗဲရက်ဗ်နှင့်အတူ ယူအက်စ်အိုးပင်း ၁၆ ဦးအဆင့်သို့ အယ်ကာရက်ဇ်၊ မက်ဗီ ဒက်ဗ်၊ စစ်ဆီပက်စ်၊ တီယာဖိုး၊ ခါချာနော့ဗ် စသည့် ထိပ်တန်းတင်းနစ်အကျော်အမော်များ တက်ရောက်နိုင်ခဲ့သည်။

မိုးဇက်