ရန်ကုန် စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၀၀ နှင့် ဆရာ ဆရာမများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာကြသည်။
ထိုသို့သွားရောက်လေ့လာစဉ် အမျိုးသားပြတိုက်မှ တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား အမျိုးသားပြတိုက်၏ သက်တမ်း၊ မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ပြခန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


