စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ ကျင်းပ

မကွေး စက်တင်ဘာ ၆

 

မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဒေသတွင်းအသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ရုံးသင်တန်းခန်းမ၌ ကျင်းပသည်။

 

ဦးစွာ တာဝန်ရှိသူများက သင်တန်းသူများထံ သင်တန်းဆင်း လက်မှတ်၊ သင်တန်းထွက်ကုန်ချော ပစ္စည်းများနှင့် ထူးချွန်သင်တန်းသူ ငါးဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၁၈ သိန်းနှင့် ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်သည်။

 

စက်ချုပ်နည်းပညာသင်တန်းတွင် သင်တန်းသူ ၁၅ ဦးဖြင့် ရက်ပေါင်း ၄၅ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးပြီး ထူးချွန်သော သင်တန်းသူများရွေးချယ်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။  

မောင်ခိုင်မင်း(ပြန်/ဆက်)