မော်စကို စက်တင်ဘာ ၆
ရုရှားနိုင်ငံတွင် တရုတ်စာရေးဆရာများ၏ လက်ရာများအား လူကြိုက်များလာပြီး ဒေသခံထုတ်ဝေသူများထံမှ စိတ်ဝင်စားမှုများပြားလာနေကြောင်း ဆင်ဟွာသတင်းတစ်ရပ်အရ သိရသည်။
တရုတ်နိုင်ငံမှ ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ်ပါဝင်သည့် (၃၉)ကြိမ်မြောက် မော်စကိုအပြည်ပြည်ဆိုင်ရာ စာအုပ် ပွဲတော်တွင် “တရုတ်နိုင်ငံကို ဖတ်ရှုခြင်း” ခေါင်းစဉ်ဖြင့် ခေါင်းစဉ် ၂၀၀၀ ကျော်နှင့် တရုတ်နိုင်ငံဆိုင်ရာ စာအုပ် ၅၀၀၀ နီးပါးကို ပြသခဲ့ရာ အဆိုပါဆောင်ရွက်ချက်အရ ရုရှားနိုင်ငံမှ ထုတ်ဝေသူများအတွက် တရုတ်စာပေ၏ ဆွဲဆောင်မှုတိုးပွားလာခြင်းကြောင့် တရုတ်စာပေလက်ရာများကို ဈေးကွက်အတွင်းသို့ မိတ်ဆက်ပေးရန် အခွင့်အလမ်းအသစ်များ ဖန်တီးပေးခဲ့ကြောင်း သိရသည်။
ရှေးခေတ်တရုတ်နိုင်ငံတွင် ဇာတ်အိမ်တည်ထားသော စာအုပ်များသည် ရုရှားလူငယ်စာဖတ်သူများကြားတွင် အထူးရေပန်းစားနေကြောင်း ရုရှားနိုင်ငံ၏ အကြီးဆုံးစာပေထုတ်ဝေရေးကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် Eksmo မှ အယ်ဒီတာ Daria Shpakovskaya က ပြောကြားခဲ့သည်။ စာပေ၊ ရုပ်မြင်သံကြားနှင့် အနုပညာများမှတစ်ဆင့် ရုရှားနိုင်ငံမှ စာဖတ်သူများသည် တရုတ်ယဉ်ကျေးမှုကို နားလည်လာကြပြီး နှစ်နိုင်ငံအကြား ပိုမိုနီးကပ်သော ယဉ်ကျေးမှုဖလှယ်မှုများကို မြှင့်တင်ရန် ကူညီပေးခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


