တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းသွားပြီး ပြည်ထောင်စုကားလမ်း ပြန်လည်သွားလာနိုင်ပြီဖြစ်

တနင်္သာရီ စက်တင်ဘာ ၆

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အောက် ပြန်လည် ကျဆင်းသွားပြီး ပြည်ထောင်စု ကားလမ်းမကြီး ပြန်လည်သွားလာနိုင်ပြီဖြစ်သည်။

 

တနင်္သာရီမြစ်ရေမှာ ယနေ့နံနက်ပိုင်းတွင်  တိုင်းထွာချက်အရ သာမန်ရေမျက်နှာပြင် အထက် ၁၆ ပေ ၁၀ လက်မရှိရာ စိုးရိမ်ရေအမှတ်ဖြစ်သည့် ‌ ၁၇ ပေအောက်သို့ ပြန်လည် ကျဆင်းသွားကြောင်း သိရသည်။

 

“တနင်္သာရီ - ဘုတ် ပြင်းကားလမ်းက စက်တင်ဘာ ၅ ရက်မှာ ပြန်လည်သွားလာလို့ရပြီး လယ်တောင်ယာ ရွာပတ်ဝန်းကျင်မှာ ကားတွေပိတ်မိနေတာ၊ ရေပြန်ကျသွားတော့ ကား/ဆိုင်ကယ်တွေ အကုန်လုံး သွားလို့ရပါပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

 

တနင်္သာရီမြစ်ရေလွှမ်းမှုကြောင့် လူဦးရေ ထောင်ချီ ရေဘေးသင့်ခဲ့ပြီး စာသင်ကျောင်းများ ပိတ်ထားခဲ့ရကာ၊ ပြည်ထောင်စုလမ်းမကြီးအစိတ် အပိုင်းတချို့လည်း သွားလာမှုပြတ်တောက်ခဲ့ရ သည်။

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အတွင်း ဖြတ်သန်းစီးဆင်းနေသည့် တနင်္သာရီမြစ်ရေ သည် မိုးရာသီတွင် မကြာခဏမြစ်ရေကြီးမှုဖြစ်ပြီး စိုးရိမ်ရေအမှတ် ၁၇ ပေ၊ အန္တရာယ်ရေအမှတ် ၂၄ ပေ သတ်မှတ်ထားကြောင်း သိရသည်။ ၁၉၉၄ ခုနှစ် တွင် စံချိန်တင်အဖြစ် ၃၆ ပေ ၄ လက်မအထိ တက်ခဲ့ ပြီး ၂၀၀၆ ခုနှစ်တွင် ပေ ၃၀ ကျော်၊ ၂၀၁၈ ခုနှစ်တွင် ၂၇ ပေ ၃ လက်မ၊ ၂၀၂၄ ခုနှစ်တွင် ၂၇ ပေ ၇ လက်မ၊ ၂၀၂၆ ခုနှစ်တွင် ၂၅ ပေ ၁၀ လက်မအထိ မြစ်ရေတက်ခဲ့ကြောင်း သိရသည်။

 

 မြင့်ဦး(မြိတ်)