တိုက်စစ်မှူး ဖိုဖာနာ ပြောင်းရွှေ့ကြေးပေါင် သန်း ၃၀ ဖြင့် ဆန်းဒါးလန်းအသင်းသို့ ပြောင်းရွှေ့

လိုင်ယွန်အသင်းတိုက်စစ်မှူး ဖိုဖာနာဟာ ဆန်းဒါးလန်း အသင်းသို့ ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ ဖြင့် ပြောင်းရွှေ့လိုက်ပြီဖြစ်ပါတယ်။

တိုက်စစ်မှူးဖိုဖာနာအား  ခရစ္စတယ်ပဲလေ့စ်အသင်း ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဆန်းဒါးလန်းအသင်းကသာ အသင်းအရောက် ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဖိုဖာနာဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွင်းက ဒဏ်ရာပြဿနာကြုံတွေ့ခဲ့တာကြောင့် သွင်းဂိုး နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု တစ်ကြိမ်သာပြု လုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှုးဖိုဖာနာဟာ ကစားသမားဘဝကို KAA Gent အသင်းမှာ စတင်ခဲ့ တာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာတော့ လိုင်ယွန်အသင်းဆီပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဆန်းဒါးလန်းအသင်းဟာ ယခုဘောလုံးရာသီအတွက် အသက် ၁၈ နှစ်အရွယ်ရှိ အီကွေဒေါ တိုက်စစ်မှူး ဂျူအန် ရီကယ်မီကိုလည်း ခေါ်ယူအားဖြည့်ထားတာ ဖြစ်ပါတယ်။

ဆန်းဒါးလန်းအသင်းဟာ နောက်တန်းကစားသမားတွေဖြစ်တဲ့ သောမက်မူနီယာ၊ ဒါယန်းမက်သာလီ၊ ကွင်းလယ်ကစားသမား အာဟိုကာတို့ကို ခေါ်ယူ ထားပြီး ယခုဘောလုံးရာသီအဖွင့်ပွဲစဉ် နှစ်ပွဲမှာ  တစ်ပွဲနိုင်၊  တစ်ပွဲရှုံးရလဒ် ထွက်ပေါ်အောင်ကစားထားနိုင်ခဲ့တာဖြစ်ပါတယ်။                           

ငွေကြယ်