ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အီဘိုလာကြောင့် သေဆုံးသူ ၃၀၀၀ ကျော်အထိရှိလာ

ကင်ရှာဆာ    စက်တင်ဘာ    ၂

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ လက်ရှိဖြစ်ပွားနေသည့် အီဘိုလာရောဂါကြောင့် သေဆုံးသူ ၃၀၀၀ ကျော်အထိရှိလာကြောင်း  စက်တင်ဘာ  ၂ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။  ဩဂုတ် ၃၁ ရက်အထိ  နိုင်ငံအတွင်း ရောဂါဖြစ်ပွားသူဦးရေ ၆၁၈၆ ဦး ရှိပြီး  သေဆုံးသူ  ၃၀၀၇  ဦးရှိသည်ဟု  အစီရင်ခံစာအရ  သိရသည်။ ပြန်လည်ကျန်းမာလာသူဦးရေမှာ ၁၄၀၉ ရှိပြီး  အီဘိုလာကုသရေးစင်တာများ၌  ကုသမှုခံယူနေသူ ၈၃၀ ခန့်ရှိသည်။ အီဘိုလာရောဂါကြောင့် အီတူရီ၊ မြောက်ကီဗူး၊ တောင်ကီဗူး၊ တီရှော့ပို၊ ဟော့တ်-ယူအဲလ်နှင့် ဘာစ်-ယူအဲလ်တို့ရှိ ကျန်းမာရေးဇုန် ၆၀ ကို ထိခိုက်စေခဲ့သည်။

ဆင်ဟွာ