နေပြည်တော် စက်တင်ဘာ ၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် မွန်းတည့် ခွင်(တောင်)ကျေးရွာ၌ သမဝါယမလုပ်ငန်းဆိုင်ရာများနှင့် သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းစဉ်များ ချပြရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက တောင်သူလယ်သမားများ၏အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် ရှင်းလင်းပြောကြားသည်။ ထို့နောက် နေပြည်တော်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်မည့် စနစ်ကျသော စိုက်ပျိုးရေးစနစ်(CBFP)၊ စီမံကိန်းနှင့် သီးနှံသိုလှောင်ရုံ၊ သီးနှံအပ်လက်မှတ်ကြိုတင်ချေးငွေ(WRF) စီမံကိန်းလုပ်ငန်းဆောင်ရွက်သွားမည့်စနစ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဇေယျာသီရိမြို့နယ် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် အောင်သန်းထိုက်ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးတို့က လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မိုးစပါးတွင် စုပေါင်းစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေသော တောင်သူတစ်ဦးက သက်သာမှုနှင့် အားသာချက်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)


