ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီး၌ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသ

ညောင်ဦး စက်တင်ဘာ ၂

 

မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများနှင့် သက်ကြီးဘိုးဘွားများ သွားတု(အံကပ်) တပ်ဆင်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်သည်။

 

အဆိုပါ သက်ကြီးဘိုးဘွားများ သွားတု(အံကပ်)တပ်ဆင်ခြင်းနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသခြင်း အထူးကုကွင်းဆင်းဆေးကုသခြင်းကို ဩဂုတ် ၂၇ ရက်မှ ၃၁ ရက်အထိ ညောင်ဦးခရိုင် ဆေးရုံကြီး၌ ကွင်းဆင်းကုသပေးသည်။ စက်တင်ဘာ ၂ ရက်တွင် ညောင်ဦးခရိုင်အတွင်းရှိ သက်ကြီးဘိုးဘွားများအား သွားတု(အံကပ်) တပ်ဆင်ခြင်းနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွား သွားတု(အံကပ်)တပ်ဆင်သူများ၊ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား အာဟာရဒါနပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း