ပေါင် စက်တင်ဘာ ၂
မွန်ပြည်နယ် ပေါင်မြို့နယ်၌ အမှတ်(၁)ပညာရေးငွေစုငွေချေးသမဝါယမအသင်းလီမိတက်နှင့် အမှတ်(၂)ငွေစုငွေချေး သမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ခြင်းကို ယမန်နေ့က အထကပေါင် ရွှေရတုခန်းမ၌ ပြုလုပ်ကြသည်။
အမှုဆောင်သစ်ရွေးချယ်ပွဲတွင် သဘာပတိအဖြစ် အသင်းဥက္ကဋ္ဌက ဆောင်ရွက်ပြီး မြို့နယ်သမဝါယမဦးစီးအရာရှိ ဒေါ်သင်းသင်းယုနှင့် မြိုနယ်အသင်းစုဥက္ကဋ္ဌတို့က အမှာစကားပြောကြားပြီး အသင်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြား၍ အတည်ပြုချက်များ ရယူဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် အသင်းသားများ၏ သား သမီး ၂၃ ဦးအား တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှင့် ဂုဏ်ထူးတစ်ဘာသာလျှင် ငွေကျပ်တစ်သိန်းနှုန်း ပေးအပ်ခဲ့ပြီး စုဆောင်းငွေ အများဆုံးစုဆောင်းနိုင်သည့် အသင်းသား သုံးဦးအား ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့သည်။
ထို့နောက် အမှုဆောင်များအား အသင်းသားများ၏ဆန္ဒအရ ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)


