မန္တလေးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများလှူဒါန်း


မန္တလေး စက်တင်ဘာ ၁

 

မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း မြစ်ရေ၊ ဆည်ရေမြင့်တက်မှုများဖြစ်ပေါ်ခဲ့ရာ ရေများဝင်ရောက်ခဲ့သည့် နေရာဒေသများမှ ရေဘေးသင့်ပြည်သူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အခြေခံစားသောက်ကုန်များ၊ ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိပြီး စေတနာရှင်အလှူရှင်များကလည်း အလှူငွေများ လှူဒါန်းလျက်ရှိသည်။

 

အလှူငွေများလှူဒါန်း

 

ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ စေတနာရှင်အလှူရှင်များက အလှူငွေများကိုလှူဒါန်းရာ အလှူရှင်များဖြစ်သည့် မန္တလေးတိုင်းဒေသကြီး စီချွမ်နှင့်ချုံချင့် ကုန်သည်ကြီးများအသင်းမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက အလှူငွေကျပ် သိန်း ၅၀၀ ကို လာရောက်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်