ရန်ကုန် စက်တင်ဘာ ၁
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) (MRESA) ၏ ဦးဆောင်မှုဖြင့် Asia Pacific Real Estate Convention 2026 Myanmar အခမ်းအနားကို ဩဂုတ် ၃၀ ရက်က ရန်ကုန်မြို့ရှိ Novotel Hotel ၌ ကျင်းပသည်။
ဦးစွာ ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ်ဥက္ကဋ္ဌ Ms. Lily Chang က ဗီဒီယိုကလစ်ဖြင့် ကြိုဆိုဂုဏ်ပြုစကား ပြောကြားပြီး MRESA ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်နှင့် Thai FIABCI မှ Dr. Sopon Pornchokchai တို့က ဂုဏ်ပြုစကားများ ပြောကြားကြသည်။
အသိပညာဖလှယ်
အခမ်းအနားတွင် မြန်မာနိုင်ငံ၏ အိမ်ခြံမြေလုပ်ငန်းကဏ္ဍ၌ နိုင်ငံတော်က ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် လိုက်နာရမည့်အချက်များကို ဆွေးနွေးပြီး ပြည်တွင်း၊ ပြည်ပ အိမ်ခြံမြေလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအကြား တွေ့ဆုံဆွေးနွေးမှု၊ အတွေ့အကြုံနှင့် အသိပညာဖလှယ်မှုအပြင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-ဥသာ၊ ဓာတ်ပုံ-ကိုလွင်


