ရေး ဩဂုတ် ၃၁
မွန်ပြည်နယ် ရေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံ(အမျိုးသား) ဘောလုံးပြိုင်ပွဲ တံခွန်စိုက်ဖလား ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဩဂုတ် ၃၀ ရက်က မြို့နယ်အားကစားကွင်း၌ ကျင်းပရာ ဗိုလ်လုပွဲတွင် အထက(အစင်) အုပ်စုအသင်းက အထက(၂)အုပ်စုအသင်းကို ငါးဂို - တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပထမဆုရရှိသော အထက(အစင်)အုပ်စုအသင်းအား တံခွန်စိုက်ဒိုင်း၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ် ခုနစ်သိန်းကို ရေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ် တစ်သိန်းကို ရေးမြို့နယ်(ခေတ္တ) တပ်နယ်မှူး၊ ဒုတိယဆုရရှိသော အထက(၂)အုပ်စုအသင်းအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေ ကျပ် ငါးသိန်းကို မြို့နယ်ပညာရေးမှူး၊ တတိယဆုရရှိသော အထက(ကျောင်းရွာ) အုပ်စုအသင်းအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ် သုံးသိန်းကို ခရိုင်ရဲတပ်ဖွဲ့မှူး(ယာယီ)၊ ပွဲစဉ်တစ်လျှောက် ဂိုးသမားအကောင်းဆုံးဆု၊ ပွဲစဉ်တစ်လျှောက်(အရှေ့တန်း၊ အလယ်တန်း၊ အနောက်တန်း) အကောင်းဆုံးအားကစားသမားဆု ရရှိသူများအား ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ်တစ်သိန်းကို တစ်ဦးချင်းပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရှင်းသန့်ဖြူ


