ငါးသိုင်းချောင်း သြဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ၏ အောက်ခံမြစ်ကျိုး အင်းသဲကြောမှ ထူးပေါက်ကာ ရေဖြတ်သန်းစီးဆင်း၍ တာတမံ နိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်သဖြင့် ငါးသိုင်းချောင်းမြို့ရှိ ရေဝင်နစ်မြုပ်နေသည့် ရေဘေးသင့် အိမ်ထောင်စု ၃၈၆၃ စု၊ လူဦးရေ ၁၆၃၉၃ ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့သည့် ဆန်နှင့်ဆီများကို ငါးသိုင်းချောင်းမြို့ပေါ်ရှိ ရပ်ကွက်များအလိုက် မြို့ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် လိုက်လံဖြန့်ဝေပေးသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ငါးသိုင်းချောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များက သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ဆန်နှင့် ဆီ ပထမအကြိမ် ၁၀ ရက်စာကို လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)


