လန်ဒန် ဩဂုတ် ၂၇
ဗြိတိန်နိုင်ငံ၏ အိမ်သုံးစွမ်းအင်ဈေးနှုန်းကန့်သတ်ချက်မှာ ၂၀၂၆ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း လေးရာခိုင်နှုန်းမြင့်တက်မည်ဖြစ်ကြောင်း နိုင်ငံ၏ စွမ်းအင်ဈေးနှုန်းထိန်းညှိရေးအဖွဲ့ Ofgem က ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်သည်။
လျှပ်စစ်ဓာတ်အားနှင့် ဓာတ်ငွေ့နှစ်မျိုးစလုံးအသုံးပြုသည့် ပျမ်းမျှ အိမ်ထောင်စုတစ်စုအတွက် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ထားသည့် စွမ်းအင်ဈေးနှုန်း ကန့်သတ်ချက်မှာ လက်ရှိတစ်နှစ်လျှင် ပေါင် ၁၆၆၃ မှ ပေါင် ၆၀ မြင့်တက်ကာ ပေါင် ၁၇၂၃ သို့ ရောက်ရှိမည် ဖြစ်ကြောင်း Ofgem က ထုတ်ပြန်ထားသည်။
ဆင်ဟွာ


