ဂျိုဟန်နက်စ်ဘာ့ဂျ် ဩဂုတ် ၂၇
ဇူလိုင်လအတွင်း တောင်အာဖရိကနိုင်ငံသို့ နိုင်ငံခြားခရီးသွား ၉၉၁၆၉၆ ဦး လာရောက်ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း တောင်အာဖရိက စာရင်းအင်းဌာနက ဩဂုတ် ၂၆ ရက်တွင် ပြောကြားသည်။ တောင်အာဖရိကနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်းအစီရင်ခံစာအရ ဇူလိုင်လအတွင်း နိုင်ငံခြားခရီးသွားဧည့်သည်အရေအတွက်မှာ ၉၉၁၆၉၆ ဦးရှိခဲ့ပြီး ယမန်နှစ် အလားတူကာလက ၈၈၁၃၉၃ ဦးရှိခဲ့သည်။
ဆင်ဟွာ


