အင်္ဂပူမြို့၌ ဆန်၊ ဆီ၊ ကြက်ဥများ ဈေးနှုန်းချိုသာစွာ ရောင်းချပေး

အင်္ဂပူ ဩဂုတ် ၂၇

 

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့မဈေးတွင် ယနေ့နံနက်ပိုင်းက မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီက ပြည်သူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။

 

အဆိုပါရောင်းချမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ် ကျဆင်းရေး ကော်မတီဝင်များက ကြည့်ရှုအားပေးပြီး လူတစ်ဦးလျှင် ဆီ ၅၀ ကျပ်သား၊ ဆန်တစ်ပြည်နှင့် ကြက်ဥ လေးလုံးတို့ကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)