MBE နှင့် YOUTH International College တို့ MoU လက်မှတ်ရေးထိုး

ရန်ကုန် ဩဂုတ် ၂၇

 

မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် YOUTH International College (YIC) တို့အကြား ပညာရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲကို ဩဂုတ် ၂၆ ရက်က ရန်ကုန်မြို့၌ ကျင်းပသည်။

 

MoU လက်မှတ်ရေးထိုးရာတွင် MBE အသင်းကိုယ်စား ဒုတိယဥက္ကဋ္ဌ (၂) ဒေါ်မင်းမင်းမဉ္ဇူနှင့် အထွေထွေအတွင်းရေးမှူး ဦးသိန်းဦးတို့ကလည်းကောင်း၊ YOUTH International College ကိုယ်စား Founder & CEO Dr. ဇော်လင်းနှင့် Co-founder & Director Dr. ယဉ်သူအေးတို့ကလည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ MoU အရ နှစ်ဖက်အဖွဲ့အစည်းများအ‌နေဖြင့် Exchange of students, Joint teaching activities, Internship opportunities for students, Jointly promoting and developing Myanmar Small and Medium Enterprise Programs, Visits by, and exchanges of, scholars, teachers, and resource persons, Jointly organizing business plan contests, matchings, and networking Sessions, Jointly supporting CSR Activities လုပ်ငန်း ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းတို့ကိုလည်း အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ MoU လက်မှတ်ရေးထိုးမှုမှတစ်ဆင့် လုပ်ငန်းနယ်ပယ်များတွင် နှစ်ဖက်အဖွဲ့အစည်းများအကြားနှင့် မိမိတို့၏ အဖွဲ့အစည်းဝင်များအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လုပ်‌ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

MT