စစ်တွေ ဩဂုတ် ၂၇
ဝါတွင်းကာလ စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေး ၂၅၀ ကျော်တို့အား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့သည်။
အဆိုပါ ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ လောကာနန္ဒာ စေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်း၌ ကျင်းပပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ရခိုင်ပြည်နယ်လွှတ်တော်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင် အလှူရှင်များက လောင်းလှူခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


