ပျဉ်းမနား ဩဂုတ် ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက တားမြစ်ထားသည့် ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ အသိပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပျဉ်းမနားခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေဦးက အမှာစကား ပြောကြားပြီး နေပြည်တော်တိုင်းစိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးထိန်လင်းဟန်က စိုက်ပျိုးရေးဦးစီးဌာနမှ တားမြစ်ထားသည့် ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ အသိပေး ရှင်းလင်းဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဖြန့်ဝေပေး
ထို့နောက် နေပြည်တော်တိုင်းစိုက်ပျိုးရေးဦးစီးဌာန တိုင်းသီးနှံ ကာကွယ်ရေးတာဝန်ခံ ဒေါ်ပြည့်ဖြိုးဝေ က တားမြစ်ထားသည့် ပိုးသတ်ဆေးများနှင့် ပိုးသတ်ဆေးသုံးစွဲခြင်းကြောင့် သီးနှံအလိုက် ပိုးသတ်ဆေး ဓာတ်ကြွင်းကျန်ရှိမှုအခြေအနေများကို အသိပညာပေးရှင်းလင်း ဆွေးနွေးကာ တက်ရောက်လာကြသူများ၏ ပိုးသတ်ဆေးသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းများကို ပြန်လည်ဖြေကြားသည်။ ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာ ကြသည့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ တာဝန်ရှိသူများအား တားမြစ်ထားသော ပိုးသတ်ဆေးစာရင်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


