ကန်ကြီးထောင့်မြို့နယ်၌ ရွှေတက်လမ်းသဘာဝမြေဩဇာမိတ်ဆက်ပွဲကျင်းပ

ကန်ကြီးထောင့် ဩဂုတ် ၂၆

 

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်၌ ရွှေတက်လမ်းလုပ်ငန်းစု သဘာဝမြေဩဇာမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)ရပ်ကွက် မင်္ဂလာရာမဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

 

ဦးစွာ ရွှေတက်လမ်းလုပ်ငန်းစု General Manager ဦးတိုင်းလှိုင်ဝင်းက ကုမ္ပဏီနှင့် လုပ်ငန်းစုများအကြောင်းကို ရှင်းလင်းတင်ပြပြီး ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းမြေအသုံးချရေး တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်ကျော်ဦးက မြေအသုံးချရေးဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်က အမှာစကားပြောကြားပြီး ရွှေတက်လမ်းသဘာဝ မြေဩဇာထုတ်လုပ်ရေး Plant Manager ဦးကျော်ခိုင်ဦးက ရွှေတက်လမ်း သဘာဝမြေဩဇာထုတ်လုပ်ပုံနှင့် အသုံးပြုပုံများကို ရွှေတက်လမ်းသဘာဝ မြေဩဇာနှင့် စိုက်ပျိုးရေးဆေးအမျိုးမျိုးဖြန့်ချိရေးဆိုင်ခွဲ မြို့နယ် အရောင်းတာဝန်ခံ ဦးရှင်းသန့်က ကန်ကြီးထောင့်မြို့နယ်အတွင်း ဖြန့်ချိရေးလုပ်ငန်းစဉ်များ အကြောင်းတို့ကို ရှင်းလင်းပြောကြားကြပြီး ကံစမ်းမဲနှိုက်ခြင်းအစီအစဉ်၊ ဆုပေးခြင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)