ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ရောက်ရှိ

နေပြည်တော် ဩဂုတ် ၂၆

 

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ဩဂုတ် ၂၅ ရက်မှ ၂၆ ရက်အထိ တရားဝင်ခရီးစဉ် လာရောက်သည့် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Le Hoai Trung သည် ဗီယက်နမ် ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများက နေပြည်တော် လေဆိပ်၌ ကြိုဆိုခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်