သာယာဝတီမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

သာယာဝတီ သြဂုတ် ၂၆

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ/ထားဝယ်/ကျောက်တော်)ကျောင်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ/ထားဝယ်/ကျောက်တော်) ကျောင်းခန်းမ၌ ပြုလုပ်သည်။

 

အဆိုပါ ဟောပြောပွဲတွင် သာယာဝတီမြို့မရဲစခန်းမှူး ဒုတိယရဲမှူး တင်ယုက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး မိုးသဲအောင်(ပန်းမြေ)က လူငယ်နှင့်စာပေအကြောင်းသိရှိစေရန် အသိပညာပေးဟောပြောပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်သူဇာလှိုင်က ကျောင်းစာသင်ယူရုံသာမက အားလပ်ချိန်များတွင် ပြင်ပဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ခြင်းဖြင့် ရရှိစေနိုင်သည့်ကောင်းကျိုးများကို အသိပညာပေးရှင်းလင်း ဟောပြောခဲ့ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)