ရန်ကုန် ဩဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ သမဝါယမအသင်းများမှ ရွှေသဇင်အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို ယမန်နေ့က မြို့နယ်အသင်းစုခန်းမ၌ ပြုလုပ်သည်။
ဦးစွာ မြောက်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးချစ်ကိုကိုဦးက ဝန်ကြီးဌာနနှင့် ဦးစီးဌာနမှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အသင်းမှ အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းစာရင်းစစ် ဒေါ်လှလှယဉ်က ဖတ်ကြားတင်ပြခဲ့ပြီး အမှုဆောင်အဖွဲ့ဝင် သုံးဦးနှင့် အသင်းစာရင်းစစ် နှစ်ဦးတို့အား အမှုဆောင်အသစ်များအဖြစ် ပြန်လည်ရွေးချယ်ကာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်း ဆောင်ရွက်ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


