ကျောက်ဆည် ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဟန်မြင့်မိုရ် ကျေးရွာအုပ်စု သင်းဒီးနည်းပညာ ပြန့်ပွားရေးစင်တာတွင် ဩဂုတ် ၂၄ ရက်က ဝါသီးနှံအထွက်နှုန်း တိုးတက်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန် က ဝါသီးနှံအထွက်နှုန်းတိုးတက်ရေး ဦးဆောင်ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသည့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တိုင်းဒေသကြီး ဦးစီးမှူး၊ ကျောက်ဆည်ခရိုင် ပိုးမွှား တာဝန်ခံ ဦးစီးအရာရှိဒေါ်ရီရီဌေးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမြင့်အောင်တို့က ပြန်လည်ဖြေကြားသည်။
ယင်းနောက် တောင်လွှဲကျေးရွာ အုပ်စု မင်းရဲနည်းပညာပြန့်ပွားရေး စင်တာ၌ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် ထယ်ထိုးမြေမြှုပ်ခြင်း ကွင်းသရုပ်ပြပွဲကို ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)


