MNL U20 League 2026 ပထမအကျော့အပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မင်းမင်းခန့် ဦးဆောင်

ရန်ကုန်   ဩဂုတ်   ၂၄

MNL U20 League 2026 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ပထမအကျော့ပွဲစဉ်များပြီးဆုံးချိန်တွင် ဒဂုံစတား ယူနိုက်တက်အသင်းမှ တိုက်စစ်ကစားသမား မင်းမင်းခန့်က သွင်းဂိုး ၁၂ ဂိုးဖြင့် ဂိုးသွင်းအများဆုံးကစားသမားစာရင်း၏ ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။

၎င်း၏နောက်တွင် စစ်ကိုင်းယူနိုက်တက်အသင်းမှ တိုက်စစ်မှူး ပိုင်သက်ဦးက သွင်းဂိုး ၁၁ ဂိုးဖြင့် အဆင့် (၂)နေရာ၌ ရပ်တည်နေပြီး ရတနာပုံအသင်းမှ Sa Htunt Awar က သွင်းဂိုး ၁၀ ဂိုးဖြင့် အဆင့်(၃) နေရာတွင် အသီးသီးရပ်တည်နေကြသည်။

ထို့ပြင် ရန်ကုန်ယူနိုက်တက်မှ ခွန်ချိုထူးက သွင်းဂိုး ကိုးဂိုး၊ ISPE FC မှ စစ်ငြိမ်းချမ်းဦးက ရှစ်ဂိုး ရရှိထားပြီး ချင်းလန်း FC မှ လွန်ယာဂျင်နှင့် ဒဂုံစတားယူနိုက်တက်မှ ညီနိုင်တို့က သွင်းဂိုး ခုနစ်ဂိုးစီဖြင့် ဂိုးသွင်းအများဆုံး ထိပ်တန်းကစားသမား စာရင်းတွင် ပါဝင်နေသည်။

နေမျိုး၊ ဓာတ်ပုံ-DSU