ရန်ကုန် ဩဂုတ် ၂၄
၂၀၂၆ MFF ယူ-၁၆ လူငယ်ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၀)ကို သြဂုတ် ၂၃ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ SGF Youth အသင်း ၁၀ ပွဲဆက်အနိုင်ရပြီး ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်လျက်ရှိသည်။
ပွဲစဉ် (၁၀) တွင် FFU မင်းမဟော်အသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို ၁၀ ဂိုး-တစ်ဂိုး၊ TKA Star အသင်းက ဘူရှီဒိုအသင်းကို လေးဂိုး-နှစ်ဂိုး၊ United City အသင်းက Jullniss အသင်းကို ငါးဂိုး-သုံးဂိုး၊ SGF Youth အသင်းက Pacific Sun Far အသင်းကို ခြောက်ဂိုး-တစ်ဂိုး၊ Victoria အသင်းက မာရိန်းအသင်းကို ကိုးဂိုး - ငါးဂိုး၊ Mahar Burma အသင်းက Avengers Junior အသင်းကို နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ပွဲစဉ်(၁၀) အပြီးတွင် SGF Youth အသင်းက ရမှတ် ၃၀ ဖြင့် ဦးဆောင်နေပြီး Victoria အသင်းက ၂၇ မှတ်၊ FFU မင်းမဟော်အသင်းက ၂၁ မှတ်၊ Avengers Junior အသင်းနှင့် Mahar Burma အသင်းတို့က ၁၈ မှတ်စီ၊ Pacific Sun Far အသင်းက ၁၆ မှတ်၊ Jullniss အသင်းက ၁၃ မှတ်၊ TKA Stars အသင်းနှင့် United City အသင်းတို့က ၁၅ မှတ်စီ၊ ရွှေပြည်သာယူနိုက်တက်အသင်းက သုံးမှတ်၊ မာရိန်းအသင်းနှင့် ဘူရှီဒိုအသင်းတို့က တစ်မှတ်စီရရှိထားသည်။
သတင်း - ချစ်ကိုကို
ဓာတ်ပုံ - MFF


