ကော့မှူးမြို့၌ သားဆက်ခြားနည်းလမ်းများအကြောင်း အသိပညာပေးဟောပြော

ရန်ကုန် ဩဂုတ် ၂၄

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် တွံတေးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သားဆက်ခြားနည်းလမ်းများအကြောင်း အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၂၀ ရက်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

 

ဦးစွာ တွံတေးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းဥက္ကဋ္ဌနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိတို့က အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆေးရုံအုပ်ကြီးက ကိုယ်ဝန်ဆောင်စဉ် သတိပြုရမည့်အချက် များ၊ ရေတိုသားဆက်ခြားနည်းလမ်းများ၊ ရေရှည်သားဆက်ခြား နည်းလမ်းများ၊ သုံးလခံသန္ဓေတားထိုးဆေးများအကြောင်း၊ လက်မောင်း အရေပြားအောက် သန္ဓေတားပစ္စည်းထည့်ခြင်းများ၊ သားအိမ်တွင်း သန္ဓေတားပစ္စည်းထည့်ခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက် မိခင်များအား အာဟာရမျှတစွာ စားသုံးနေထိုင်ရေး စသည့်နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ တွံတေးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက် မိခင်များအား ဆေးစိမ်ခြင်ထောင်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး အမက(မြို့သစ်)ကျောင်းမှ ကျောင်းသား ကျောင်းသူများအား အာဟာရများ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။

 

ကျော်သူရ(ကော့မှူး)