ရေဘေးသင့် စာရင်းစစ်ရုံးဝန်ထမ်းများအား အခြေခံစားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများပေးအပ်

ဟင်္သာတ သြဂုတ် ၂၄

 

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ရေဘေးဒဏ်ခံခဲ့ရသည့် မြို့နယ်စာရင်းစစ်ရုံး ဝန်ထမ်းများအား အခြေခံ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဟင်္သာတခရိုင် စာရင်းစစ်ရုံးခန်းမ၌ ပြုလုပ်သည်။

 

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ငြိမ်းငြိမ်းဝင်းက ရေဘေးသင့်ဝန်ထမ်းများအား အားပေးစကားပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်အပေါ် ပေါင်းစပ်ဆောင်ရွက်ပေးကာ ဝန်ထမ်းများ၏ လစာငွေများ အချိန်မီရရှိရေး၊ စားသောက်နေထိုင်ရေး အဆင်ပြေစေရန်နှင့် ခရိုင်စာရင်းစစ်ရုံးတွင် ယာယီရုံးခန်းဖွင့်လှစ်ဆောင်ရွက်မှု အဆင်ပြေစေရေးအပြင် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ရေဘေးဒဏ်ခံစားခဲ့ရသည့် လေးမျက်နှာမြို့နယ်ရုံးမှ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး စာရင်းစစ်ချုပ်က ဟင်္သာတမြို့နယ်နှင့် လေးမျက်နှာမြို့နယ် စာရင်းစစ်ရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံ၍ စစ်ဆေးရေးလုပ်ငန်းများ ထိရောက်အောင်မြင်စေရေး၊ စာရင်းစစ်ဝန်ထမ်းများ ကျင့်ဝတ်နှင့်အညီ နေထိုင်ဆောင်ရွက်ရေး လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများအား ကြက်ဥများပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)