မြိတ်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ဆောင်ရွက်ပေး

မြိတ် ဩဂုတ် ၂၄

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက လမင်းစီမံချက်ဖြင့် ယမန်နေ့တွင် မြိတ်တောင်ရပ်ကွက် မြို့မ(၁)ရပ်ရှိ အထက(ခွဲ) အလက(၁၀)တွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။

 

အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်းလင်းနှင့် ဝန်ထမ်းများက ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၅၁ ဦးအတွက် ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)