အယ်လ်နီညိုဖြစ်စဉ်နှင့် မီးခိုးမြူငွေ့ကာကွယ်ရေး မလေးရှားနှင့် အင်ဒိုနီးရှား ပူးပေါင်းဆောင်ရွက်

ကွာလာလမ်ပူ    ဩဂုတ်    ၂၄

မလေးရှားနိုင်ငံသည် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပွားလာသည့် မီးလောင်မှုများအား ကာကွယ်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး အာသာဂျိုးဇက် ကူရက်က ဩဂုတ် ၂၄ ရက်တွင် ပြောကြားသည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူ ငွေ့ထိန်းချုပ်ရေးသည်  မိမိတို့နှစ်နိုင်ငံလုံး အတွက် ဦးစားပေးလုပ်ငန်းဖြစ်ကြောင်း အင်ဒိုနီးရှားသဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး မိုဟာမက်ဂျန်မာဟီဒီရက်နှင့် ဖုန်းမှတစ်ဆင့် ဆွေးနွေးစဉ် ၎င်းကပြော ကြားသည်။ အယ်လ်နီညိုဖြစ်စဉ်သည် ယခုနှစ်  အောက်တိုဘာလအတွင်း အားကောင်းလာနိုင်သဖြင့်   နှစ်နိုင်ငံလုံးက ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း  ၎င်းကပြောကြားသည်။

မလေးရှားနိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံအား အိမ်နီးချင်းကောင်းစိတ်ဓာတ်နှင့် အာဆီယံအဖွဲ့၏ညီညွတ်မှုကို အခြေခံပြီး   မီးလောင်ကျွမ်းမှုငြှိမ်းသတ်ရေးလုပ်ငန်းများတွင်  ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း  ၎င်းက  ပြောကြားသည်။ လက်ရှိအချိန်တွင် မလေးရှားနိုင်ငံအတွင်းရှိ ဒေသ ၁၂ ခုတွင် မသင့်တော်သည့် လေထုအရည်အသွေးအညွှန်းကိန်းများဖြစ်နေကြောင်း သိရသည်။ 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ