စေတုတ္တရာမြို့နယ်၌ ရိုးမသစ်တောထွက်ပစ္စည်း ကုန်ထုတ်သမဝါယမအသင်း နှစ်ပတ်လည်စည်းဝေး

စေတုတ္တရာ ဩဂုတ် ၂၄

 

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် ရိုးမသစ်တောထွက် ပစ္စည်း ကုန်ထုတ်သမဝါယမ အသင်းလီမိတက်၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရိုးမသစ်တောထွက် ပစ္စည်းကုန်ထုတ်အသင်းရုံးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရိုးမသစ်တောထွက်ပစ္စည်း ကုန်ထုတ်သမဝါယမ အသင်းလီမိတက် သဘာပတိအသင်းဥက္ကဋ္ဌ ဦးလှကို၊ တိုင်း‌ဒေသကြီး သမဝါယမဦးစီးဌာနမှ လက်‌ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်း နှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်ကြည်အောင်တို့က အမှာစကားပြောကြားပြီး အသင်းအမှုဆောင်များက အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြား၍ အသင်းသားကိုယ်စားလှယ်များ၏ဆန္ဒရယူ၍ သဘာပတိက အတည်ပြုသည်။

 

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်ကြည်အောင်က သဘာပတိအဖြစ်တာဝန်ယူ၍ အမှုဆောင် ဒါရိုက်တာ အဖွဲ့ ငါးဦးနှင့် အသင်းစာရင်းစစ်နှစ်ဦးတို့အား ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

 

ဆန်းကိုကို(ပြန်/ဆက်)