လွိုင်ကော် ဩဂုတ် ၂၄
တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၃ - ၂၀၂၇) ၏ စတုတ္ထနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၆) အရ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ဆွေးနွေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်တရားရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ၊ ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လွိုင်ကော်တက္ကသိုလ် ဥပဒေပညာဌာနမှ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


