ရေစကြို ဩဂုတ် ၂၄
ရေစကြိုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရေစကြိုမြို့နယ်ဦးစီးမှူးရုံးက ဩဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးခြင်းကို ရေစကြိုမြို့ အထက(စိတ္တသုခ)၌ ကွင်းဆင်း ဆောင်ရွက်သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးနှင့် ဝန်ထမ်းများက အသက် (၁၀)နှစ်ပြည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၀ ကို နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေဇင်မို့(ရေစကြို)


