အောင်မြေသာစံခရိုင်ပညာရေးမှူးဖလား အခြေခံပညာအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မန္တလေး   ဩဂုတ်   ၂၃

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်ပညာရေးမှူးဖလား အသက်(၁၄)နှစ်အောက် အခြေခံပညာအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဩဂုတ် ၂၁ ရက်တွင် အောင်မြေသာစံမြို့နယ်ရှိ အောင်မြေ မန္တလာအားကစားကွင်း၌ ကျင်းပရာ ဗိုလ်လုပွဲတွင် မတ္တရာမြို့နယ် အခြေခံပညာအသင်းက အောင်မြေသာစံမြို့နယ် ကိုယ်ပိုင်ကျောင်းများအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

ထို့နောက် ဆုပေးပွဲကိုကျင်းပရာ ခရိုင်ပညာရေးမှူး ဦးသိန်းဒန်နှင့် တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆုနှင့် နေရာအလိုက် အကောင်းဆုံးအားကစားသမားများအား ဆုများပေးအပ်ချီးမြှင့်သည်။အဆိုပါ ဘောလုံးပြိုင်ပွဲကို အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်တို့မှ အခြေခံပညာကျောင်းအသင်းများ၊ ကိုယ်ပိုင်ကျောင်းများအသင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအသင်းတို့ ပါဝင်ပြီး အုပ်စုနှစ်စုခွဲကာ ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)