ဘန်ဂွီ ဩဂုတ် ၂၃
ဗဟိုအာဖရိကသမ္မတနိုင်ငံ၌ ရွှေတွင်းတစ်တွင်း ယမန်နေ့က ပြိုကျခဲ့ရာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်။ ပျောက်ဆုံးသူအရေအတွက်များစွာရှိသည့်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
အဆိုပါ ပြိုကျမှုဖြစ်ပွားခဲ့သည့်နေရာသည် ကင်မရွန်းနိုင်ငံနှင့် နယ်စပ်အနီးတွင် တည်ရှိသည်။ မြေသားများ ပြိုကျပြီး တောင်စောင်းတစ်လျှောက်ရှိ လူအများအပြားဆီသို့ လျှောကျလာသည်ကို ရုပ်သံမှတ်တမ်းများအရ သိရသည်။
ပြိုကျရသည့်အကြောင်းရင်းကို ဒေသတွင်းတာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေပြီး ရွှေတွင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်သူများအား ဖော်ထုတ်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ဗဟိုအာဖရိကသမ္မတနိုင်ငံ၌ လူပေါင်းထောင်နှင့်ချီ၍ အသေးစား ရွှေတူးဖော်ရေးလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသည်။
ရွှေတွင်းလုပ်သားများအတွက် လုံလောက်သော ဘေးကင်းလုံခြုံမှုအစီအမံများမရှိသည့်အတွက် မကြာခဏအသက်ဆုံးရှုံးရသည့် အဖြစ်ဆိုးများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


