တောင်ကိုရီးယားနိုင်ငံရှိ လုပ်ငန်းများတွင် ဉာဏ်ရည်တုနည်းပညာ သုံးစွဲမှုများလာသဖြင့် လူငယ်များ အလုပ်အကိုင်ရရှိရေး ခက်ခဲလာ

ဆိုးလ်   ဩဂုတ်  ၂၃

တောင်ကိုရီးယားနိုင်ငံရှိလုပ်ငန်းများတွင်  ဉာဏ်ရည်တုနည်းပညာသုံးစွဲမှုများလာခြင်းကြောင့် လူငယ်များအလုပ်အကိုင်ရရှိရန် အခက်အခဲများရှိလာနိုင်ကြောင်း ဗဟိုဘဏ်မှတ်တမ်းအရ သိရသည်။

ဉာဏ်ရည်တုနည်းပညာသုံးစက်မှုလုပ်ငန်းများတွင် လူငယ်များအလုပ်ရရှိမှုကျဆင်းနေကြောင်း အမျိုးသားပင်စင်လုပ်ငန်းမှတ်တမ်းနှင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်သည့် လူဦးရေဆန်းစစ်ချက်များကို  ကိုးကား၍ တောင်ကိုရီးယားဗဟိုဘဏ်က ပြောကြားသည်။

လူငယ်များအလုပ်အကိုင်ရရှိမှုသည် ပြီးခဲ့သည့် လေးနှစ်အတွင်း သတင်းအချက်အလက်ဝန်ဆောင်မှုတွင် ၃၁ ဒသမ ၄ ရာခိုင်နှုန်း၊ ပုံနှိပ်ထုတ်ဝေရေး၊ ကွန်ပျူတာပရိုဂရမ်ရေးဆွဲရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ၂၇ ဒသမ ၄ ရာခိုင်နှုန်း၊ ၁၆ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၁၁ ဒသမ ၆ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့သည်။

ဉာဏ်ရည်တုနည်းပညာကို  လူသားများနေရာတွင် အစားထိုးတာဝန်ပေးနိုင်သည့်လုပ်ငန်းများ၌ လူငယ်များ အလုပ်ရရှိမှုနည်းလာခြင်းဖြစ်သည်။                  

ကိုးကား- ဆင်ဟွာ

ဘာသာပြန် - စိုးသူရ