ရန်ကုန် ဩဂုတ် ၂၃
ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များအနေဖြင့် နိုင်ငံ၏ ခိုင်မာသည့် သမိုင်းကြောင်း အစဉ်အလာနှင့် ယဉ်ကျေးမှုတန်ဖိုးများ သိရှိနားလည်လာစေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားလာစေရန်နှင့် ဘိုးဘွားများ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်လိုစိတ် ရှိလာစေရန် ရည်ရွယ်၍ အမျိုးသားပြတိုက်(ရန်ကုန်)သို့ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် အထက (ကျူတော) မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သွားရောက်လေ့လာခဲ့ကြသည်။
ထန်းတပင်မြို့နယ် အထက (ကျူတော)ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်စီစီမော် ဦးဆောင်၍ ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများက ရန်ကုန်မြို့ ပြည်လမ်း အမျိုးသားပြတိုက် (ရန်ကုန်)ရှိ ခေတ်အဆက်ဆက် သမိုင်း မှတ်တမ်းများနှင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ကြည့်ရှုလေ့လာခဲ့ကြပြီး အမျိုးသားပြတိုက်မှ တာဝန်ရှိသူများက အမျိုးသားပြတိုက်၏ သမိုင်း ကြောင်းနှင့် ခေတ်အဆက်ဆက် ပြသထားရှိမှုတို့ကို ရှင်းလင်းပြော ကြားခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


