ဆိုးလ် ဩဂုတ် ၂၀
တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် လက်ရှိပြုလုပ်နေသည့် Ulchi Freedom Shield ပူးတွဲစစ်ရေးလေ့ကျင့်မှုကြာချိန်ကို ၁၁ ရက်မှ ငါးရက်အထိ လျှော့ချရန် ဆုံးဖြတ်လိုက်ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ရုံးကို ကိုးကား၍ KBS သတင်းဌာနက ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုဘက်မှ အကြံပြုချက်အရ ပူးတွဲစစ်ရေးလေ့ကျင့်မှုကြာချိန်နှင့် ကွင်းဆင်းလေ့ကျင့်မှုအရေအတွက်တို့ကို ထက်ဝက်အထိလျှော့ချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဩဂုတ် ၁၇ ရက်တွင် စတင်ခဲ့သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို မူလက ဩဂုတ် ၂၇ ရက်အထိ ၁၁ ရက်ကြာပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။
ပူးတွဲကွင်းဆင်းစစ်ရေး လေ့ကျင့်မှုများကိုလည်း တစ်စိတ်တစ်ပိုင်းလျှော့ချရန် ဆုံးဖြတ်ခဲ့ပြီး ယခုအခါ နှစ်ဖက်စလုံးက အသေးစိတ်အချက်အလက်များကို ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။
စပွတ်နစ်ခ်


