ရွှေဘိုမြို့၌ မိုးရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ ကျင်းပ

ရွှေဘို    ဩဂုတ်    ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက  ကျင်းပသည့် ရွှေဘိုမြို့နယ်  စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ(ဖလား) မိုးရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကို ဩဂုတ် ၁၈ ရက်က ရန်ကြီးအောင်အားကစားရုံ၌ ကျင်းပသည်။

အဆိုပါ   မိုးရာသီအားကစားပြိုင်ပွဲများတွင် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊   ကြက်တောင်ရိုက်၊  ဘော်လီဘောနှင့် ဖူဆယ်အားကစားနည်းများကို   ထည့်သွင်းကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများအား ရွှေဘိုမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့်ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)