ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူး     ဩဂုတ်    ၁၉

၂၀၂၆ ခုနှစ် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခြောက်ခရိုင် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ ညနေပိုင်းက ပဲခူးမြို့  ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး အားကစားဥယျာဉ်၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးများအား ဂုဏ်ပြုငွေကျပ် ၁၀ သိန်း ပေးအပ်၍ ပထမဆုရရှိသော တောင်ငူခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ပထမဆုဖလားနှင့် ငွေသားဆုငွေကျပ် ၁၀ သိန်းကို လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက  ဒုတိယဆုရရှိသော  ပဲခူးခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသား ဆုငွေကျပ် ခုနစ်သိန်းကိုလည်းကောင်း ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် လွတ်တော်ဒုတိယဥက္ကဋ္ဌတို့က တတိယဆုရရှိသော ညောင်လေးပင်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်  ငွေသားဆု ငွေကျပ်ငါးသိန်းကို လည်းကောင်း၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ဂိုးသမားဆု၊  အကောင်းဆုံး နောက်တန်းဆု၊ အကောင်းဆုံး အလယ်တန်းဆု၊ အကောင်းဆုံး ရှေ့တန်းဆုနှင့် အကောင်းဆုံး အားကစားသမားဆုရရှိသူများအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့် တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၏ ဇနီးတို့က ဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် တစ်သိန်းစီကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)